General Knowledge
ChatGPT ဆိုတာဘာလဲ?
- ChatGPT ဆိုတာ မိမိ မေးလိုတာကို အလိုအလျောက် ဖြေကြားပေးတဲ့ AI နည်းပညာသုံး Chatbot ဖြစ်ပါတယ်..
- ChatGPT သည် ဆန်ဖရန်စစ္စကိုအခြေစိုက် OpenAI မှတီထွင်ထားသည့် AI chatbot တစ်ခုဖြစ်သည်။
- OpenAI ကို Elon Musk နှင့် Sam Altman တို့မှ ၂၀၁၅ ခုနှစ်တွင် ပူးတွဲတည်ထောင်ခဲ့ပြီး လူသိများသော ရင်းနှီးမြှုပ်နှံသူများ—အထူးသဖြင့် Microsoft မှ ကျောထောက်နောက်ခံပြုထားသည်။
- OpenAI ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် Sam Altman၊ Elon Musk၊ Greg Brockman၊ Reid Hoffman၊ Jessica Livingston၊ Peter Thiel၊ Amazon Web Services (AWS), Infosys နှင့် YC Research တို့သည် OpenAI ကိုဖွဲ့စည်းကြောင်းကြေငြာခဲ့ပြီး $1 ဘီလီယံကျော် ဖြင့် ကတိပြုစတင်ခဲ့သည်။
- ChatGPT ကို Open AI ဆိုတဲ့ AI သုတေသနဌာန မှစတင်ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့တွင် ရှေ့ပြေးပုံစံအဖြစ် စတင် မိတ်ဆက် ကြေညာခဲ့သည်။
- ChatGPT ထုတ်ဝေပြီးနောက်၊ OpenAI ၏တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံခန့်ရှိသည်။
- ၂၀၂၃ ခုနှစ်တွင် Microsoft Corp. မှ ChatGPT ကို ဖန်တီးသူ OpenAI တွင် ဒေါ်လာ 10 ဘီလီယံ ရင်းနှီးမြှုပ်နှံရန် စတင်ဆွေးနွေးနေကြသည်။
- ChatGPT ကို လက်ရှိတွင် အခမဲ့ Account ဖွင့်လှစ်ပြီး သုံးစွဲနိုင်ပါသည်။
ChatGPT Link : https://chat.openai.com/