လိုက်နာရန် စည်းမျဉ်းစည်းကမ်းများ
MMITSG Online Courses Education platform ကိုအသုံးပြုမည်ဆိုပါက အသုံးပြုသူသည် အောက်ပါအချက်များကို လိုက်နာပေးရပါမည်။
(၁) အသုံးပြုမှုဆိုင်ရာ သတ်မှတ်ချက်များ
MMITSG ၏ Online Courses များအား အသုံးပြုရန် လျှောက်ထားသူ သည် တိကျသော ကိုယ်ရေးကိုယ်တာ အချက်အလက်များအားထည့်သွင်းရန်လိုအပ်ပါသည်။
MMITSG မှတောင်းဆိုမှုများရှိလာပါက ထည့်သွင်းထားသော ကိုယ်ရေးအချက်အလက်များ၏ တိကျမှန်ကန်မှုအား အတည်ပြုရန် အထောက်အထားများ စီစဉ်ပေးရန်လိုအပ်မည်ဖြစ်သည်။
အသုံးပြုသူသည် မိမိ၏ User Account နှင့် Password အား အခြားသူများသို့ လွှဲပြောင်းခြင်း သို့မဟုတ် ငှားရမ်းခြင်းများ မပြုရပါ။ အသုံးပြုသူသည် မိမိ၏ User Account အား အခြားသူများ တရားမဝင် အသုံးပြုနေသည်ကို တွေ့ရှိလျှင် MMITSG Online Course ၏ Admin Team ထံသို့ ချက်ချင်း အသိပေးရမည်ဖြစ်သည်။
အသုံးပြုသူ၏ ပေါ့ဆမှုကြောင့် User Account နှင့် Password အား တိုက်ခိုက်ခံရပါက MMITSG အနေနှင့် မည်သည့်ပုံစံမျိုးနှင့်မှ တာဝန်ယူခြင်း၊ တာဝန်ခံခြင်းများ ပြုမည် မဟုတ်ပါ။
(၂) အသုံးပြုသူများ ရှောင်ကြဉ်ရမည့် အချက်များ
အသုံးပြုသူ သည် မြန်မာနိုင်ငံတွင်ရှိသည့် ဆက်သွယ်ရေး ဥပဒေ အပြင် အခြားသက်ဆိုင်သော ဥပဒေများနှင့် စည်းမျဉ်းသတ်မှတ်ချက်များအားလုံးအား လိုက်နာရမည်ဖြစ်ပါသည်။
အသုံးပြုသူသည် Web ဝန်ဆောင်မှုများနှင့် စပ်ဆိုင်သည့် အားလုံးသော သဘောတူညီချက်များ၊ ထုတ်ပြန်ချက်များ နှင့် လုပ်ငန်းစဉ်များအား လိုက်နာရမည် ဖြစ်ပါသည်။
အသုံးပြုသူသည် မည်သည့် မှတ်ပုံတင်မူပိုင်များ၊ မူပိုင်ခွင့်များ၊ နာမည်ဂုဏ်သတင်းဆိုင်ရာ ရပိုင်ခွင့် (သို့မဟုတ်) အခြားမည်သို့သော တရားဝင် ရပိုင်ခွင့်များ နှင့် တတိယ အဖွဲ့အစည်း၏ အကျိုးစီးပွားများ အပေါ်တွင် စည်းမျဉ်းချိုးဖောက်ခြင်းများ မပြုရပါ။
(၃) ပြင်ဆင်မှု နှင့် ထပ်မံ ထည့်သွင်းချက်များ
MMITSG သည် တစ်ဦးတည်းဆုံးဖြတ်ပိုင်ခွင့်အရ အောက်ပါ အရာများကို အချိန်နှင့်အမျှ ဆောင်ရွက်နိုင်သည်။
ပြင်ဆင်ဖြည့်စွက်နိုင်ခြင်း
သဘောတူညီမှု တွင်လိုအပ်သော စည်းမျဉ်းစည်းကမ်းများကို ထပ်မံ ထည့်သွင်းခြင်း စသည်တို့ဖြစ်သည်။ အကယ်၍ သဘောတူညီချက်ကို ပြင်ဆင်ဖြည့်စွက်ထားသော အချက်အလက်များရှိပါက ကျွနု်ပ်တို့မှ အကြောင်းကြားသွားမည် ဖြစ်ပါသည်။ အဆိုပါပြင်ဆင်မှုများ အပြီး Website ကို ဆက်လက်အသုံးပြုနေပါက သင်သည် ပြင်ဆင်ဖြည့်စွက်ထားသော အချက်အလက်များကို နားလည်လက်ခံ သဘောပေါက် ပြီး ဖြစ်သည်ဟု ကျွန်ုပ်တို့မှ ယူဆပါသည်။
(၄) အခွင့်အရေးများ
ကျွန်ုပ်တို့ MMITSG Online Courses ဘက်မှ Website နှင့် ဝန်ဆောင်မှုများပြုပြင်ပြောင်းလဲမှုများအား ဆောင်ရွက်ရာတွင် မည်သည့် အချိန်၌ မဆိုဆောင်ရွက်နိုင်ပါသည်။
မည်သည့်အချိန် ၌မဆို ကျွန်ုပ်တို့၏ စံသတ်မှတ်ချက်များကို ပြောင်းလဲနိုင်သည်။
MMITSG Online Courses ဘက်မှ စည်းမျဉ်းစည်းကမ်းတစ်ချို့နှင့် မကိုက်ညီသော အွန်လိုင်းသင်တန်းများ၊ Comment များကို အချိန်မရွေး ပယ်ဖျက်ရပ်ဆိုင်းနိုင်သည်။
(၅) MMITSG Online Courses တွင် ကျောင်းသားများ၏ ဝန်ခံကတိပြုခြင်း
MMITSG Online Courses ရှိအွန်လိုင်းသင်တန်းကို စာရင်းပေးသွင်းခြင်းဖြင့် ကျောင်းသားများသည် အောက်ပါအချက်များကို လိုက်နာပါမည်ဟု ယူဆပါသည်။
User Account တစ်ခုတည်းသာ အသုံးပြုပြီး အခြားသူများနှင့် မိမိ၏ Username နှင့် Password များကို မျှဝေသုံးဆွဲခြင်း မပြုပါ။
အထက်တွင် ဖော်ပြထားသော စည်းမျဉ်းများ နှင့်ပတ်သက်၍ ထပ်မံသိရှိလိုပါက [email protected] သို့ အီးမေးလ် ပေးပို့ မေးမြန်းနိုင်သည်။
ဝင်ရောက်လေ့လာသူအားလုံးကို ကျေးဇူးတင်ရှိပါသည်။
#MMITSG Online Courses Admin Team